(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လေးမျက်နှာမြို့နယ်တွင် ကျေးရွာလျှပ်စစ်မီးလင်းရေးဖွင့်ပွဲပြုလုပ်

လေးမျက်နှာ ဖေဖော်ဝါရီ ၇

(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် ထိန်ငူကျေးရွာအုပ်စု ဂွေးတောက်ကွင်းကျေးရွာတွင် အမျိူးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(NEP-2)အစီအစဉ်ဖြင့်ဆောင်ရွက် သည့် ကျေးရွာလျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လည်ပိုင်းကကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပဦးတင်မောင်ဝင်းနှင့်အဖွဲ့မှ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ စီးပွားရေး နှင့် သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်တို့မှ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲအား ဖဲကြိုးဖြတ် စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကြပြီး အထိမ်းအမှတ် ကဗျည်းမော်ကွန်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အမွှေးနံ့သာများပက်ဖျန်းကာ ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျေးရွာတွင်း လျှပ်စစ်ရရှိမှုအခြေအနေများအား မေးမြန်းရာ တာဝန်ရှိသူများမှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ လိုအပ်သည်များမှာ ကြားခဲ့ သည်။ ထို့နောက် အဖွဲ့ဝင်များက အကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကာ ဒေသခံများအား ရင်းရင်းနှီးနှီးနုတ်ဆက်သည်။

ဆက်လက်၍ ဝန်ကြီးချုပ်မှ ကျေးရွာနေပြည်သူများ လျှပ်စစ်မီးတင်ဆင်ထားမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ကျေးရွာသူ/သားတို့နှင့်တွေ့ဆုံ၍ ကျေးရွာတိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအစရှိသည့် ကိစ္စများအပေါ် ရင်းရင်းနှီးနှီး တွေ့ဆုံမေးမြန်းမှာကြားသည်။

ကျော်ဟိန်း(ပြန်/ဆက်)