ညောင်တုန်းမြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသား အလွတ်တန်း ဘော်လီဘောပြိုင်ပွဲ ကျင်းပ

ညောင်တုန်း  ဖေဖော်ဝါရီ  ၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အမျိုးသား အလွတ်တန်း ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်အားကစားခန်းမ၌ ကျင်းပခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးက မြန်မာ့အားကစားတိုးတက် မြင့်မားရေးနှင့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ရာ အားကစားသမားများ အနေဖြင့်လည်း အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် သန့်ရှင်းစွာချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး ယှဉ်ပြိုင်ကြရန် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အားကစားသမားများက သစ္စာအဓိဋ္ဌာန် (၄)ချက် ရွတ်ဆိုကြကာ မြို့နယ်ကိုယ်စားပြု အေရိုးဗစ်အဖွဲ့မှ ကပြဖျော်ဖြေခဲ့ကြသည်။

အဆိုပါ အမျိုးသား အလွတ်တန်း ဘော်လီဘောပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ အသင်း(၆)သင်းဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ပင်လုံရပ်ကွက်ရှိ ရဲရင့်ဖူဆယ်ကွင်းတွင် ဖေဖော်ဝါရီ(၅)နေ့ရက်မှ (၁၂) ရက်နေ့အထိ ပြိုင်ပွဲပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)