ထားဝယ်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိ

ထားဝယ်     ဖေဖော်ဝါရီ   ၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ဇရစ်ရပ်ကွက်၌ ဖေဖော်ဝါရီ ၄ ရက်နေ့မှ ၅ ရက်နေ့အထိ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ  ဝန်ထမ်းများက ရပ်ကွက်နေပြည်သူများအား နိုင်ငံသားစီစစ်ရေးကတ်ပြား(၃)က ၃၅ ခု ၊ ၆(က)၁ ခု၊ လဲလှယ် ၃၅ ခု ၊ မိတ္တူ ၁၈ခု နှင့် အိမ်ထောင်စုလူဦးရေစာရင်း (၆၀)ခု ကို ဆောင်ရွက်ပေးခဲ့သည်။

ထားဝယ်မြို့တွင်ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်းများကို  (၃.၁၁.၂၀၂၂) ရက်နေ့အထိ ဆက်လက်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ထားဝယ်ခရိုင်(ပြန်/ဆက်)