ဝါးခယ်မ ဖေဖော်ဝါရီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ရှေးဦးပြုစုခြင်း (အခြေခံအဆင့်) သင်တန်း (၄/၂၀၂၂)ကို ယနေ့နံနက်ပိုင်းက ဝါးခယ်မမြို့ သံကြိုးတိုင်ရပ်ကွက် ကြက်ခြေနီ အသင်းခွဲရုံးတွင် ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို သင်တန်းသား/သင်တန်းသူ(၃၀)ဦး တက်ရောက်ခဲ့ပြီး ဝါးခယ်မမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ နည်းပြဆရာများက ရှေးဦးပြုစုခြင်း သင်ခန်းစာများအား စာတွေ့လက်တွေ့သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
စောသန္တာဦး(ဝါးခယ်မ)