ကျိုက်လတ်မြို့၏ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ကျိုက်လတ် ဖေဖော်ဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန က ၂၀၂၁-၂၀၂၂ခု (၆)လဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေနှင့် ပြည်သူ ထည့်ဝင်ငွေတို့ဖြင့် ဆောင်လုပ်လျက်ရှိသောလမ်း၊ တံတားများအားယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ် ကျေးလတ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ၂၀၂၁-၂၀၂၂ ခု (၆)လဘဏ္ဍာရေး နှစ်အတွင်းကျေးရွာ(၄)ရွာတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း(၃)ခု၊ သံကူကွန်ကရစ် တံတားတည်ဆောက်ခြင်း လုပ်ငန်း(၂)ခု စုစုပေါင်းကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း (၅)ခုကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်မြင့်ထွန်းနှင့် ဝန်ထမ်းများက  ကြံခင်းစုကျေးရွာအုပ်စု၊ ဘိုတေဇကျေးရွာ  ကွန်ကရစ် လမ်း ခင်းခြင်း လုပ်ငန်း (၁၂၂၅’×၅’×၆”) ဆောင်ရွက်ပြီးစီးမှုအခြေအနေ နှင့်ကျုံကလွတ်ကျေးရွာအုပ်စု၊ အုံးပင်စုကျေးရွာ သံကူကွန်ကရစ်တံတား (၂၀’×၁၂’×၆”) တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများ ကိုကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ဌေးဌေးလှိုင်