ကန်ကြီးထောင့်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးအတွက် ပြည်သူများအား RTD Test Kit ဖြင့် စစ်ဆေးပေး

ကန်ကြီးထောင့် ဖေဖော်ဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ပြန်လည်ကူးစက်မှုများ မဖြစ်ပေါ်စေရေးအတွက်ပြည်သူများအား RTD Test Kit ဖြင့်စစ်ဆေးပေးခြင်း၊ အပူချိန်တိုင်းတာခြင်းနှင့် အသိပညာပေး လက်ကမ်းစာ‌စောင်များဖြန့်ဝေခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင် သောစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့က ယနေ့နံနက်ပိုင်း ၉ နာရီက ကန်ကြီးထောင့်မြို့အဝင်၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါပူးပေါင်းအဖွဲ့သည် ကန်ကြီးထောင့်မြို့သို့ အကြောင်းအမျိုးမျိုးဖြင့် ဝင်ရောက်လာသည့် ပြည်သူများအား RTD Test Kit ဖြင့်နှာခေါင်းတို့ဖတ် နမူနာယူစစ်ဆေးခြင်း၊ အပူချိန်တိုင်းတာခြင်းများကို ဆောင်ရွက်ခဲ့ပြီးပြည်သူများ အနေဖြင့် အပြင်ထွက်လျင်ပါးစပ်နှင့် နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ရန်၊ လက်ကိုမကြာခဏ ဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေထိုင်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ လာရောက်ထိုးနှံကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များအား လိုက်နာရေးတို့ကို အသိပညာပေးခဲ့ပြီး လက်ကမ်း စာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)