မြောင်းမြမြို့တွင် စည်ပင်သာယာရေးကော်မတီပိုင် အခွင့်အရေးလိုင်စင်များအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ဈေးပြိုင်စနစ်ဖြင့်ရောင်းချ

မြောင်းမြ    ဖေဖော်ဝါရီ    ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် စည်ပင်သာယာရေးကော်မတီပိုင် အခွင့်အရေး လိုင်စင်များအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး နှစ်အတွက် လုပ်ကိုင်ခွင့် လိုင်စင်များကို ဈေးပြိုင်စနစ်ဖြင့်  ရောင်းချပွဲ အခမ်းအနားအား ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် မြောင်းမြမြို့နယ် စည်ပင်သာယာရေး အဖွဲ့ရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဈေးပြိုင်လေလံပွဲ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက အမှာစကား ပြောကြားပြီး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိတို့က ဈေးပြိုင်လေလံ စည်းကမ်းချက်များအား ရှင်းလင်းပြောကြားသည်။

အဆိုပါ ဈေးပြိုင်စနစ်ဖြင့် ရောင်းချပွဲတွင် ကော်မတီမှ သတ်မှတ်ထားသော ဈေးပြိုင်လေလံစည်းကမ်း၊ ညွှန်ကြားချက်များနှင့်ညီညွတ်၍ ဧရာဝတီတိုင်းဒေသကြီးအတွင်း အခြေချနေထိုင်သူ မြန်မာနိုင်ငံသားဖြစ်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားမူရင်း တင်ပြနိုင်သည့် မည်သူ မဆို လေလံဆွဲ ဝယ်ယူခွင့်ပြုမည်ဖြစ်ပြီး လိုင်စင်ဆွဲဝယ်သူများသည် သတ်မှတ်ထားသော စာရွက်စာတမ်း အထောက်အထားများကို တင်ပြလျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ဈေးပြိုင်စနစ်ဖြင့် ရောင်းချသောလိုင်စင်များမှာ သားသတ်လိုင်စင် ၁၂ ခု၊ ကူးတို့လိုင်စင် ၅ ခု၊ အပေါင်ဆိုင်လိုင်စင် ၁၉ ခု၊ ဈေးကောက်လိုင်စင် ၃ ခု နှင့် အခြားလိုင်စင် ၂ ခု၊ စုစုပေါင်း လိုင်စင် ၄၁ ခုရှိပြီး လိုင်စင် (၂၇ )ခုအား လိုင်စင်ကြေး  (၅၄၀၁ ဒဿမ  ၅၀) သိန်းဖြင့် ရောင်းချနိုင်ခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)