ကျွန်းလှ ဖေဖော်ဝါရီ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မီးဘေးကြိုတင် ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြိမ်းသတ်ခြင်း လက်တွေ့ပြသခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ)၌ ကျင်းပကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ဒုတိယမြိုနယ်အုပ်ချုပ်ရေးမှူး ဦးကျော်ငြိမ်းထွန်းက အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်လင်းဟန်က မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များ၊ မီးလောင်ကျွမ်းမှုတြိဂံအကြောင်း၊ မီးအတန်းအစားများအကြောင်း၊ မီးလောင်လျှင် ငြိမ်းသတ်ရမည့်နည်းလမ်းများအကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မီးငြိမ်းသတ်ခြင်း သရုပ်ပြရာတွင် ဖုံးအုပ်မီးငြိမ်းသတ်ခြင်း၊ မှးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်ခြင်းနှင့် မီးသတ်ယာဉ်ဖြင့် မီးငြိမ်းသတ်ခြင်းကို ကျောင်းသား၊ ကျောင်းသူများက လက်တွေ့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို