ကလိန်အောင်မြို့တွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို စာအုပ်စာစောင်ပြပွဲဆောင်ရွက်

ကလိန်အောင်    ဖေဖော်ဝါရီ     

အနာဂတ် မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများစာပေနှင့် ရင်းနှီးကျွမ်းဝင်စေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားရရှိလာစေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရောက်ရှိမည့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စု နေ့အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲကို ထားဝယ် ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မိုးမိုးခိုင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မမေ့သင့် မမေ့အပ်သော နေ့ထူး နေ့မြတ်များအ‌‌ကြောင်းကို သိရှိစေရန်၊ စာပေနှင့်ရင်းနှီးကျွမ်းဝင်စေရန်၊ သုတ/ရသ စာပေများကို ခွဲခြားသိရှိစေရန်နှင့် စာကြည့်တိုက်အား အကျိုးရှိစွာ အသုံးပြုတတ်စေရန် ရည်ရွယ်၍  သုတ/ရသစာပေများကို စုံလင်စွာပြသပေးခဲ့ရာ အ-ထ-က၊ ကလိန်အောင်မှ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မိုးမိုးခိုင်