တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများတွင် သွားရောက်ယှဥ်ပြိုင်ကြမည့် အားကစားအသင်းများအား အောင်နိုင်ရေးအလံပေးအပ်ပွဲကျင်းပ

ပုသိမ်  ဖေဖော်ဝါရီ 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ဧရာရွှေဝါခန်းမတွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက် ညနေပိုင်း အချိန်တွင် ပြုလုပ်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဥ်ပြိုင်ကြမည့် ဂေါက်သီးရိုက်အသင်း၊ မြန်မာ့သိုင်းအသင်း၊အေရိုးဗစ်အသင်းနှင့် အလေးမ အသင်းများအား ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ်မှ လမ်းညွှန်သြဝါဒ စကားပြောကြားခြင်းနှင့် အောင်နိုင်ရေး အလံပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် သွားရောက်ယှဉ်ပြိုင်ကြမည့် အားကစားအသင်းများမှ အုပ်ချုပ်နည်းပြများမှ အားကစားသမားများနှင့် တစ်ဖွဲ့ချင်း မိတ်ဆက်ပေးခဲ့ကြသည်။ ဂေါက်သီးရိုက်အသင်း၊ အေရိုးဗစ်အသင်း၊ အလေးမအသင်းနှင့် မြန် မာ့သိုင်းအသင်းတို့မှ အုပ်ချုပ်သူများက အသင်းဖွဲ့စည်း ထားရှိမှုနှင့် ယှဥ်ပြိုင်ကြရန် အစီအစဉ်များ ပြုလုပ်ထားမှုများ၊အားကစားသမားများ ရွေးချယ်ပုံများကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းမှ သွားရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများကို လမ်းညွှန် သြဝါဒစကား ပြောကြားပြီး အားကစားအသင်းများကို  အောင်နိုင်ရေးအလံများအသီးသီး ပေးအပ်ခဲ့ပြီး ဂေါက်သီးရိုက်ပြိုင်ပွဲဝင် အသင်းအတွက် ငွေကျပ် ၅ သိန်း၊မြန်မာ့သိုင်း ပြိုင်ပွဲဝင်များအတွက် ငွေကျပ် ၁၈ သိန်း၊ အေရိုးဗစ်ပြိုင်ပွဲဝင်များအတွက် ငွေကျပ်၇ သိန်း၊ အလေးမအားကစားပြိုင်ပွဲ ယှဉ်ပြိုင်သူများ အတွက် ၁၄ သိန်း တို့ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ပုသိမ်ခရိုင်(ပြန်/ဆက်)