ပိုင်ကျုံမြို့ မိုးနိုင်းကျေးရွာ လမ်းပေါ်တွင် Box Culvert တစ်စင်း တည်ဆောက်ပေးလျက်ရှိ

ပိုင်ကျုံ ဖေဖော်ဝါရီ  ၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ ပြည်သူများ၏ လူနေမှုဘဝ တိုးတက်မြင့်မား လာစေရေးနှင့် သွားလာရေးလွယ်ကူ အဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ပိုင်ကျုံမြို့ မိုးနိုင်းကျေးရွာ လမ်းပေါ်တွင် Box Culvert တစ်စင်း တည်ဆောက်ပေးခြင်း  လုပ်ငန်းကို ဇန်နဝါရီလ ၂၆ ရက်နေ့မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အဆိုပါ (၁.၅၂) မီတာရှိ Box Culvert တစ်စင်း တည်ဆောက်ပေးခြင်း လုပ်ငန်းကို ၂၀၂၁-၂၀၂၂ ခုနှစ် ၆ လပတ် ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ် ကျေးလက်လမ်း ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခွင့်ပြုရန်ပုံငွေကျပ် (၅.၉၅၀) သန်းဖြင့် အကောင်အထည်‌ဖော် ဆောင်ရွက်လျက်‌ရှိကြောင်း၊ ယင်းလုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေးအတွက် ကရင်ပြည်နယ် ကျေးလက်လမ်း ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ တာ၀န်ရှိသူတို့က အနီးကပ်ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

လုပ်ငန်းများ ပြီးစီးပါက ပိုင်ကျုံမြို့အတွင်းရှိ ဒေသခံပြည်သူများနှင့် ကျေးရွာအတွင်းရှိ ကျေးလက်နေ ပြည်သူများအနေဖြင့် ဥတုသုံးပါးစလုံး လမ်းပန်းဆက်သွယ်ရေး  အဆင်ပြေ လွယ်ကူစွာ သွားလာနိုင်သည့်အပြင် ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပိုမိုလွယ်ကူ အဆင်‌ပြေလာမည်ဖြစ်ကြောင်း သိရသည်။

နော်ခူးခူး၊ စောဂျိုးဇက်ဂျူး