ဝက်လက်မြို့ ၌ တားမြစ်ထားသော စံမမှီဆေးဝါးများ စျေးကွက်အတွင်း ရောင်းချမှု ရှိ မရှိ စျေးကွက်စောင့်ကြည့် စစ်ဆေးမှုများ ဒုတိယအကြိမ် ဆောင်ရွက်

ဝက်လက် ဖေဖေါ် ဝါရီ ၆

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့၌ ယမန်နေ့က  တားမြစ်ထားသော စံမမှီ ဆေးဝါးများ စျေးကွက်အတွင်း ရောင်းချမှု ရှိ မရှိ စျေးကွက် စောင့်ကြည့် စစ်ဆေးမှုများ ဒုတိယအကြိမ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဝက်လက်မြို့ပေါ်ရှိ ဆေးဝါး အရောင်းဆိုင်များတွင် ဆေးများ ဝယ်ယူ သောက်သုံးနေသည့် ပြည်သူများ ဘေးဥပါဒ် မဖြစ်စေရေးအတွက် ကုန်ညွှန်းအမှတ်အသား ပြည့်စုံစွာ ဖေါ် ပြမှု ရှိ မရှိ ( FDA)  နှင့် တားမြစ်ထားသော စံမမှီသည့် ဆေးဝါများ စျေးကွက် အတွင်း ရောင်းချမှု ရှိ မရှိ စျေးကွက် စောင့်ကြည့် စစ်ဆေးမှုများဆောင်ရွက် ကြကြောင်း သိရသည်။

အဆိုပါ စျေးကွက် စောင့်ကြည့် စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ဝက်လက်မြို့နယ် စားသုံးသူရေးရာ တာဝန်ခံ ဦးမျိုးအောင် ၊ ကျန်းမာရေး ဝန်ထမ်းများ ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ ၊ရဲတပ်ဖွဲ့ဝင်များ  ၊ စည်ပင်သာယာရေး အဖွဲ့ဝင်များ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း ပါဝင် ဆောင်ရွက်ကြကြောင်း သိရှိရပါသည်။