နတ်တလင်းမြို့နယ်အတွင်း စျေးရောင်းစျေးဝယ်များ၊ လမ်းသွားလမ်းလာပြည်သူများအား (RDT) Test Kits ဖြင့် ကိုဗစ်-၁၉ရောဂါ စစ်ဆေးဆောင်ရွက်

နတ်တလင်း ဖေဖော်ဝါရီ ၅

ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ နတ်တလင်းမြို့နယ်အတွင်း စျေးရောင်း/စျေးဝယ်များ၊ လမ်းသွားလမ်းလာပြည်သူများအား (RDT) Test Kits ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက နတ်တလင်းမြို့နယ် စည်ပင်သာယာမြို့မစျေး၌ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ (RDT)TestKitsဖြင့် စစ်ဆေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည် ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ နတ်တလင်း မြို့နယ်စည်ပင်သာယာ မြို့မဈေး ရှေ့တွင် စျေးရောင်း/စျေးဝယ်များ၊ လမ်းသွားလမ်းလာပြည်သူများအား (Mask)များဖြန့်ဝေခြင်းနှင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ( RDT)(TestKits) ဖြင့် အခမဲ့ ကျန်းမာရေး စစ်ဆေးပေးလျက်ရှိကြကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)