ဘားအံ ဖေဖော်ဝါရီ ၅
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ဖေဖော်ဝါရီလ ၅ ရက်နေ့နံနက်ပိုင်းက ဘားအံမြို့နယ်အတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မှုများအား ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ဘားအံဂေါက်ကလပ်၌ ကျင်းပပြုလုပ်သည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ဂေါက်သီးရိုက် ပြိုင်ပွဲသို့ တက်ရောက်ပြီး ဂေါက်သီးရိုက်၍ ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဘားအံမြို့နယ် ကော့မရမ်းကျေးရွာ၌ သမဝါယမနှင့် ကျေးလက် ဒေသဖွံဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမ(၆)လဘတ်ဂျက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးသော ကျေးလက်ရေ ပေးဝေရေးလုပ်ငန်း၊ အမြင့်တင်ရေစင်ဆောက်လုပ်ခြင်းနှင့် ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းတို့ကို သွားရောက်ကြည့်ရှု့စစ်ဆေးရာ ကရင်ပြည်နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦရန်မျိုးနိုင်နှင့် တာဝန်ရှိသူများက ကော့မရမ်းကျေးရွာ ရေပေးဝေရေးလုပ်ငန်း ဆောင်ရွက် ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပြီး ဒေသခံပြည်သူများက မြစိမ်းရောင်ကျေးရွာစီမံကိန်း ချေးငွေရရှိနိုင်ရေး၊ စိုက်ပျိုးမွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးလိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး တောင်သူဦးစောချန်ချန်၏ တစ်နိုင် တစ်ပိုင် ဝက်မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှု့အားပေးကာ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဘားအံမြို့နယ်၊ ကော့ဒါန်းမယ်ကျေးရွာ မြစိမ်းရောင်စီမံကိန်း ကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ မြစိမ်းရောင်ချေးငွေ (အရင်းမပျောက် မတည်ရန်ပုံငွေဖြင့်) ဆောင်ရွက်သောလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးမေးမြန်းရာ ကော်မတီဝင်များက ပြန်လည်ရှင်းလင်းတင်ပြခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကော့ဒါန်းမယ်မင်္ဂလာဇေယုံကျောင်း တိုက်အုပ်ဆရာတော် ဥူးပညာဝံသအား သွားရောက်ဖူး မျှော်ကြည်ညိုကြ၍ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ကော့ဒါန်မယ်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းဖြင့် ဆောင်ရွက်သော စိုက်ပျိုးရေးလုပ်ငန်း၊ ကုန်စုံဆိုင်လုပ်ငန်း၊ နွားမွေးမြူရေးလုပ်ငန်းနှင့် အတိုးရငွေဖြင့် ကျေးရွာခန်းမတည်ဆောက်မည့် မြေနေရာတို့ကို ကြည့်ရှု့စစ်ဆေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမ(၆)လဘတ်ဂျက်တွင် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့်ဆောင် ရွက်သော ဘားအံမြို့နယ်၊ ထုံးအိုင်-ကော့သံခါကျေးရွာ ကုန်ထုတ်လမ်း ၁ မိုင် ၂ ဖါလုံအား ၁၆ ပေအကျယ်၊ တစ်ပေခွဲ ဂဝံခင်းခြင်း နှင့် BOX Culvest (၂၂ ပေ x ၅ပေ x ၅ပေ) ဆောင်ရွက်ခြင်းလုပ်ငန်းကို ကြည့်ရှု့စစ်ဆေးရာ ပြည်နယ်ညွန်ကြားရေးမှူးက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လမ်းအားကြည့်ရှု့စစ်ဆေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မိန်းမလှကျွန်း-ကော့သံခါလမ်းပိုင်းတွင် ဒေသထွက်ကုန် စာဖိုဆောင်သီးနှံများအား ဈေးကွက် သို့ တင်ပို့ရောင်းချနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေကြသည့် တောင်သူများနှင့်တွေ့ဆုံ၍ ယခုနှစ်သီးနှံထွက်ရှိမှု၊ ဈေးကွက်ဝယ်လိုအားနှင့် တင်ပို့ရောင်း ချရာတွင် ကြုံတွေ့နေရသည့်အခြေအနေများကို မေးမြန်းဆွေးနွေး၍ လိုအပ်သည်များ အကြံပြုဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမ(၆)လ ဘတ်ဂျက်တွင် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဘားအံမြို့နယ်၊ မိန်းမလှကျွန်း-ကော့သံခါ ကျေးရွာ ကုန်ထုတ်လမ်း ၃ မိုင် ဂဝံခင်းခြင်းလုပ်ငန်းနှင့် တောကြီးကျေးရွာတွင် ဘားအံမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ VDP စီမံကိန်းဖြင့်ဆောင်ရွက်သော ကွန်ကရစ်လမ်း (၈၅၀ ပေx ၁၂ပေ x ၆လက်မ )တို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)