မကွေး ဖေဖော်ဝါရီ ၅
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် လူမှုဖူလုံရေးရုံး၌ အကျုံးဝင်မှတ်ပုံတင်ထားသော သကြားစက်ရုံ(ကံလှ)မှ အာမခံအလုပ်သမား ဦးအောင်လှိုင်စိုး၏ လုပ်ငန်းခွင့်အတွင်း ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် နာရေးစရိတ်နှင့် ကျန်ရစ်သူအတွက် အကျိုးခံစားခွင့်ထုတ်ပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က တောင်တွင်ကြီးမြို့နယ် သကြားစက်ရုံ(ကံလှ)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီးလူမှုဖူလုံရေးရုံး တိုင်းဒေသကြီး တာဝန်ခံအရာရှိ ဦးမိုးကျော်မြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၂၀၁၂ခုနှစ်၊ လူမူဖူလုံရေးဥပဒေပါ သိကောင်းစရာများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ သကြားစက်ရုံ(ကံလှ)မှ အာမခံအလုပ်သမား ဦးအောင်လှိုင်စိုး၏ လုပ်ငန်းခွင့်အတွင်း ထိခိုက်မှုကြောင့် သေဆုံးမှုအတွက်နာရေး စ ရိတ်နှင့် ကျန်ရစ်သူအတွက် အကျိုးခံစားခွင့် ငွေကျပ် (၈၂)သိန်း (၅)သောင်းအား ကျန်ရစ်သူမိသားစုထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုစည်သူ(မကွေး)