ငပုတောမြို့နယ် အခြေခံပညာ မူလတန်းကျောင်းများ၌ ကျောင်းသား ၊ ကျောင်းသူများအား သွားကျန်းမာရေး စစ်ဆေး

ငပုတော ဖေဖော်ဝါရီ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် အသက် ၁၂ နှစ်အောက် ကလေးငယ်များအား သွားကျန်းမားရေး စစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်း၊ ကိုယ်အလေးချိန်ခြင်းနှင့် အားဆေးများ တိုက်ကျွေးခြင်းကို ယနေ့ နံနက်  ၁၀ နာရီ အချိန်က  ငပုတောမြို့ တောင်ပိုင်းရပ်ကွက်  ဘုန်းတော်ကြီးသင် စာသင်ကျောင်းနှင့်  အနောက်ပိုင်း ရပ်ကွက် စဉ်အိုးဖို (အ.မ.က) ကျောင်းတို့ တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ  ကျောင်းကျန်းမာရေးဌာနမှ   ဒေါက်တာစိုးစန္ဒာလွင်က  သွားကျန်းမာရေး မဖြစ်ပွားစေရန်  လိုက်နာဆောင်ရွက်ရမည့် အချက်များကို ကျောင်းသား၊  ကျောင်းသူများ အား အသိပညာပေး ရှင်းလင်း ပြောကြားပေးခဲပြီးနောက် စည်းကမ်းချက်များအား  လိုက်နာဆောင်ရွက်ပါက သွားရောဂါမဖြစ်ပွားရန် ရာနှုန်းပြည့်ကြိုတင် ကာကွယ်နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သွားကျန်းမာရေး စစ်ဆေးခြင်းကို ငပုတောမြို့ ကျောင်းကျန်းမာရေးဌာနမှ   ဒေါက်တာ  စိုးစန္ဒာလွင် ဦးဆောင်သည့် ကျန်းမာရေး ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူ  (၁၆၈ ) ဦးအား စစ်ဆေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိသည်။

နုနုအေး (ပြန်/ဆက်)