ပုသိမ် ဖေဖော်ဝါရီ ၅
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ နောင်ရိုးစာကြည့်တိုက်တွင် ယမန်နေ့ နေ့လယ်ပိုင်း အချိန်တွင် မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း အလုပ်အမှုဆောင်အဖွဲ့ဝင်၊ ဧရာဝတီတိုင်းဒေသကြီး စာကြည့်တိုက်များ ဖောင်ဒေးရှင်း (တိုင်းတာဝန်ခံ) ဒေါက်တာတင်ထွန်းဦးနှင့် တိုင်းဒေသကြီးစာ ကြည့်တိုက်များ ဖောင်ဒေးရှင်းအလုပ် အမှုဆောင်အဖွဲ့များနှင့် တွေ့ဆုံပွဲအခမ်း အနားပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး စာကြည့်တိုက်ဖောင်ဒေးရှင်း နာယက၊ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
စာကြည့်တိုက်များဖောင်ဒေးရှင်း ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ ဒေါက်တာတင်ထွန်းဦးမှ တိုင်းအလုပ်အမှုဆောင်အဖွဲ့များကို ရေးသားထုတ်ဝေပြီးဖြစ်သော စာအုပ်များကို တက်ရောက်လာသူများအား လက်ဆောင်ပေးအပ်ပြီး၊ တစ်ဦးချင်းရင်း ရင်းနှီးနှီးမိတ်ဆက်ကာ ဝန်ခံဒေါက်တာ တင်ထွန်းဦးမှ အမှာစကား ပြောကြားပြီး တိုင်းဒေသကြီးအတွင်း အမြို့မြို့အနယ်ရှိ စာကြည့်တိုက်များကို စာအုပ်များ လှူဒါန်းပေးလျက်ရှိကြောင်း ပြောကြားသည်။ ထို့နောက် ဒေါက်တာဒေါ်ခင်မိုးမိုးမှ ယခုဖြစ်ပွားလျက်ရှိသော Covid-19 ရောဂါကူးစက်မှုများ အကြောင်းနှင့် ပတ်သက်၍ ဖြစ်ပွားမှုကို ကာကွယ်ရန်နည်းလမ်းများနှင့် ရှောင်ရန်၊ ဆောင်ရန်များ အကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
တိုင်းဒေသကြီးတာဝန်ခံ နှင့် ဇနီးဖြစ်သူတို့မှ ဧရာဝတီတိုင်းဒေသကြီးအတွက် စာအုပ်မျိုးစုံ အုပ်ရေ (၃၀၀) ကို ပေး အပ်လှူဒါန်းရာ တိုင်းဒေသကြီး စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမောင်မောင်မှ လက်ခံရယူသည်။ တိုင်းဒေသကြီး စာကြည့်တိုက်များ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမောင်မောင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူး ခဲ့ကြကြောင်း သိရရှိသည်။
ပုသိမ်ခရိုင် (ပြန်/ဆက်)