ဆိပ်ဖြူ ဖေဖော်ဝါရီ ၅
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု Community Centre ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး TALK SHOW ကို ယမန်နေ့ နံနက် ၁ဝနာရီက ဆောင်ရွက်သည်။
အဆိုပါအသိပညာပေး TALK SHOW ကို မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမီအောင်နှင့် ဒုတိယဦးစီးမှူး ဒေါ်စီစီမိုးတို့က ကလေးသူငယ်များအား အလုပ်သမားအဖြစ်ခိုင်းစေမှုလျော့နည်း ပပျောက်စေရန်နှင့် တားဆီးကာကွယ်ရန်၊ ဥပဒေအရ တရားဝင် အလုပ်ကိုင်ခွင့်ရရှိသည့် ကလေးအလုပ်သမား များအား ဥပဒေနှင့်အညီ ထိရောက်စွာ အကာအကွယ်ပေးနိုင်ရန်၊ အန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရသည့် ကလေးငယ်များ ဖယ်ရှားပြီး သင့်လျော် ကောင်းမွန်သည့် အလုပ်အကိုင်များ ရရှိရေးနှင့် သက်မွေးပညာရပ်ကျောင်းများ တက်ရောက် နိုင်ရေးပူးပေါင်း စီမံဆောင်ရွက်နိုင်ရေး ပြည်သူများနှင့် ကလေးသူငယ်များ၏ မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်ရည်ရွယ်၍ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ကလေးအလုပ်သမားအဓိပ္ပယ်၊ ကလေးသူငယ်များ၏ အခွင့်အရေး ဆိုင်ရာများ၊ အလုပ်ရှင်များ၏ ကလေးသူငယ် အလုပ်သမားများ အပေါ်ထားရှိရမည့် အခွင့်အရေးဆိုင်ရာမူများကို ရှင်းလင်းဆွေးနွေး ခဲ့ကြသည်။
ကိုဇွဲ(အညာမြေ)