ဝါးခယ်မမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမတွင်(၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြိုပြပွဲပြိုင်ပွဲများ ကျင်းပ

ဝါးခယ်မ  ဖေဖော်ဝါရီ  ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန   (Community Center) ခန်းမတွင်ယနေ့မွန်းလွဲ(၁)နာရီက   (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်း အမှတ် အကြိုစာအုပ်/စာစောင်ပြပွဲနှင့် ဆေးရောင်ခြယ်ခြင်း ပြိုင်ပွဲများကျင်းပပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျောင်းသား/ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား မြို့နယ်ဦးစီးမှူး ဒေါ်ရီရီလွင်က ဆုများချီးမြှင့်ပေးခဲ့သည်။

ထို့ပြင်ကျောင်းသား/ကျောင်းသူများ စာဖတ်ခြင်းအလေ့အကျင့်ကောင်းများ ရရှိစေရန် လစဉ်စာအုပ်ပြပွဲများကိုလည်း ဆောင်ရွက်ပေးလျက်ရှိရာ နေ့ထူးနေ့မြတ်များအား မမေ့ကြရန် သမိုင်းကြောင်းများကို ပြန်လည်အမှတ်ရစေရန်၊ စာကြည့်တိုက်အား အကျိုးရှိစွာ အသုံးပြုတတ်စေရန် ပျော်ရွှင်စေရန် ရည်ရွယ်၍ စာအုပ်/စာစောင်များကိုလည်း ပြသ ပေးခဲ့ကြောင်း သိရသည်။

ပြပွဲပြိုင်ပွဲများကို ကျင်းပပေးခြင်းဖြင့် ဗဟုသုတများနှင့်ပြည့်စုံသော ကျန်းမာပျော်ရွှင်သော မျိုးချစ်စိတ်ဓာတ်ထက်သန်သော ကျောင်းသားကျောင်းသူများ ဖြစ်လာစေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရီရီလွင်(ဝါးခယ်မပြန်/ဆက်)