ခင်ဦး ဖေဖော်ဝါရီ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အကြိုအထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်း က အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အားကစားပြိုင်ပွဲများတွင် ကျောင်းသား၊ ကျောင်းသူများက မီတာ (၅၀) အပြေးပြိုင်ပွဲ၊ အာလူးကောက် ပြိုင်ပွဲ၊ သံပုရာဇွန်ကိုက် ပြိုင်ပွဲ၊ အိတ်စွပ်ပြိုင်ပွဲတို့ ယှဉ်ပြိုင်ကစားခဲ့သည်။ ထို့နောက် ပြိုင်ပွဲတွင် ဆုရရှိသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့် ခဲ့ကြောင်း သိရသည်။
စိုးဝေအောင်(ခင်ဦး)