လဟယ်မြို့တွင်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ

လဟယ်  ဖေဖော်ဝါရီ  

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင်(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲဖွင့်ပွဲကို ဖေဖော်ဝါရီ ၁ ရက်နေ့က လဟယ်မြို့ရွေပြည်သာ အားကစားကွင်းတွင်ကျင်းပသည်။

ရှေးဦးစွာ အားကားသမားများက အားကစားအဓိဌာန်()ချက်ကိုရွတ်ဆိုခဲ့ကြပြီး နာဂဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဦးနေမင်းသူက အဖွင့်အမှာစကားပြောကြားကာ အသင်းလိုက်အားကစားသမားများကို လိုက်လံနှုတ်ဆက်ခဲ့သည်။

အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အဖြစ်ဘောလုံးပြိုင်ပွဲ၊ ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ဘော်လီဘောကျား/ အားကစားတို့ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားသို့ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးနေမင်းသူ၊ လဟယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ဝင်း၊ ဌာနဆိုင်ရာများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

 

ပါမင်းလိုင်(လဟယ်)