ခန္တီးမြို့နယ်၊ ကင်းတော်ကျေးရွာတွင် ဆီထွက်သီးနှံများ စနစ်တကျ စိုက်ပျိုးခြင်းနည်းပညာပေး သင်တန်းဖွင့်လှစ်

ခန္တီး    ဖေဖေါ်ဝါရီ             

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊  ကင်းတော်ကျေးရွာတွင် ဆီထွက်သီးနှံများ စနစ်တကျ စိုက်ပျိုးခြင်းနည်းပညာပေးသင်တန်းကိုယမန်နေ့က ကျေးရွာဘက်စုံသုံးခန်းမတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးနိုင်မော်လွင်က အဖွင့်အမှာစကားပြော ကြားပြီး မြို့နယ်ဦးစီးမှူး ဦးထွန်းဝေက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားကာ သင်ထောက်ကူပစ္စည်းများနှင့် ရွက်ဖျန်းမြေဩဇာများကို တက်ရောက်လာသော တောင်သူများအားပေးအပ်ခဲ့ကြသည်။

ထို့နောက် သင်တန်းကိုဆက်လက်ပို့ချခဲ့ရာ ဒု-လက်ထောက်ဦးစီးမှူး ဒေါ်ရီရီမြင့်၊ အလုပ်သင်စိုက် ပညာရှင် ဒေါ်ခင်မျိုးဝေနှင့် ဒေါ်ပဲဒါတို့က ဆီထွက်သီးနှံများဖြစ်ကြသည့် မြေပဲ၊ နေကြာ၊ ပန်းနှမ်း စိုက်ပျိုးခြင်းဆိုင်ရာ အလေ့အကျင့်ကောင်းများကို သင်ကြားပို့ချခဲ့ရာ စိတ်ပါဝင်စားသူ တောင်သူ (၃၆)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။

 

ဒီဇိုင်း (ရတနာမြေ)