အရာတော်မြို့ အခြေခံပညာ အထက်တန်းကျောင်း၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

အရာတော် ဖေဖော်ဝါရီ  ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့ အခြေခံပညာ အထက်တန်းကျောင်းနှင့် မြို့နယ်အားကစားခန်းမတို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြို အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် ၉ နာရီအချိန်က စတင်၍ ကျင်းပခဲ့ကြောင်း သိရသည်။

အားကစားပြိုင်ပွဲများကို  အရာတော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အခြေခံပညာ အထက်တန်းကျောင်း အားကစားကွင်းနှင့် မြို့နယ်အားကစားခန်းမတို့၌ ကျင်းပခဲ့ပြီး  အလွတ်တန်း(ကျား/မ) မီတာ ၁၀၀ အပြေး ပြိုင်ပွဲ၊ မီတာ(၁၀၀)ကျား/မ အာလူးကောက် ပြိုင်ပွဲ၊ (ကျား/မ) လွန်ဆွဲပြိုင်ပွဲများနှင့် မွန်းလွဲ(၁)နာရီတွင် မြို့နယ်အား ကစားခန်းမ၌ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ကျင်းပခဲ့ပြီး အားကစားပြိုင်ပွဲများအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွဋ်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာနှင့် ဝန်ထမ်းများက တက်ရောက် အားပေးကြည့်ရှုခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး အားကစားပြိုင်ပွဲများကျင်ပအပြီးတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများ အား ဆုပေးပွဲအခမ်းအနားကို အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွဋ်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်နွဲ့နွဲ့သန်းနှင့် မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိသူများက  ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း  သိရသည်။

မြို့နယ်(ပြန်/ဆက်)