မော်လိုက် ဖေဖော်ဝါရီ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ မြို့နယ်စည်သာယာရေးအဖွဲ့မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေး လိုင်စင်များ အားဈေးပြိုင်/သက်တမ်းတိုးစနစ်ဖြင့် လေလံတင် ရောင်းချပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့တော်ခန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဇော်ဇော်ထွန်းက လေလံစည်ကမ်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင် ဈေးပြိုင်စနစ်ဖြင့် လိုင်စင်(၂၉)ခု၊ သက်တမ်းတိုးစနစ်ဖြင့် လိုင်စင်(၄)ခု စုစုပေါင်း အရပ်ရပ်အခွင့်အရေးလိုင်စင်(၃၃)ခုတို့ကို ရောင်းချပေးခဲ့ရာ ယနေ့တွင် ဈေးပြိုင်စနစ်ဖြင့် လိုင်စင် (၁၀)ခု၊ သက်တမ်းတိုးစနစ်ဖြင့် လိုင်စင်(၃)ခု စုစုပေါင်း(၁၃)ခုတို့ကို ရောင်းချပေးနိုင်ခဲ့ကြောင်းနှင့် ကျန်ရှိသည့်လိုင်စင်များကို ထပ်မံရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏ ထွန်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့၊ အမှုဆောင်အရာရှိ ဦးဇော်ဇော်ထွန်း၊ လေလံကြီးကြပ်အဖွဲ့ အဖွဲ့ဝင် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
မော်လိုက်သားလေး