သန်လျင် ဖေဖော်ဝါရီ ၄
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် သန်လျင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကျေးရွာပြည်သူများ ပူးပေါင်း၍ (MDP) စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်သော ညောင်ဝိုင်းကျေးရွာ အောင်သစ္စာကွန်ကရစ် လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီတွင် အဆိုပါလမ်းထိပ် မုခ်ဦး၌ ကျင်းပသည်။
ရှေးဦးစွာ ကျေးရွာကွန်ကရစ်လမ်းသစ်အား ရန်ကုန်တောင်ပိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှုးကြီး သက်နိုင်ထွန်း၊ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ဝင်းမိုးနိုင်၊ တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဦးသန်းထွန်း (VDP) စီမံကိန်းကော်မတီဥက္ကဋ္ဌ ဦးလှထွန်းရီနှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီးနောက် ကွန်ကရစ်လမ်းသစ်အား ဖြတ်သန်းကြည့်ရှုကြသည်။
အဆိုပါ ညောင်ဝိုင်းကျေးရွာ ကွန်ကရစ်လမ်းသစ်အား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (VDP) စီမံကိန်းရန်ပုံငွေဖြင့် ကျေးလက်ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ရာသီမရွေးသွားလာနိုင်သော ကွန်ကရစ်လမ်းဖြစ်၍ ဒေသနေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး လုပ်ငန်းများ အချိန်တိုအတွင်း ဆက်သွယ်သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)