ပုသိမ် ဖေဖော်ဝါရီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ဟင်းသီး ဟင်းရွက်ဆီရောင်းဝယ်သည့် စီးပွားရေးလုပ်ငန်းရှင်များ သိရှိနိုင်ရန် ညွှန်ကြားစာ ထုတ်ပြန်ထားရှိကြောင်း ပုသိမ်မြို့စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဦးစီးဌာနရုံးမှ သိရသည်။
ညွှန်ကြားစာတွင် ဟင်းသီးဟင်းရွက်ဆီ ရောင်းဝယ်သည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လိုက်နာ ဆောင်ရွက်သွားရမည့် စည်းကမ်းချက်များကို ဖော်ပြထားပြီးဖြစ်ရာ စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချ သည့်ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil ၊ Cooking Oil) အမျိုးအစားများနှင့် စပ်လျဉ်း၍ ကုန်အ ညွှန်း အမှတ်အသားဖော်ပြရာတွင်-
၁။ ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသောကုန်စည်၏ အမျိုးအမည်ကို မြန်မာဘာသာဖြင့် တိကျစွာဖော်ပြ ရန် (ဥပမာ-ဟင်း သီးဟင်းရွက်ဆီ၊ စားအုန်းဆီ၊ အဆင့်မြင့်စားအုန်းဆီ)
၂။ ကုန်စည်၏ အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာ့အလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့်သာ ဖော်ပြရန်တို့ကို ညွှန်ကြားချက်ထုတ်ပြန် ထားရှိပြီး ဖြစ်ကြောင်း သိရသည်။ အဆိုပါညွှန်ကြားချက်များကို လိုက်နာမှုမရှိပါက စားသုံးသူကာကွယ်ရေး ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပုသိမ်ခရိုင်(ပြန်/ဆက်)