မင်းလှ ဖေဖေါ်ဝါရီ ၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် သစ်တောဦးစီးဌာနက ၂၀၂၂ ခုနှစ် မိုးရာသီစိမ်းလန်း စိုပြည်ရေးအတွက် ရွေဝါမြိုင် သစ်တောပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း (၆၀၀၀၀)ပင် ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တော ဦးစီးမှူးထံမှ သိရသည်။
"ရွှေဝါမြိုင်သစ်တောပျိုးဥယျာဉ်တွင် ကျွန်း(၂၅၀၀၀)၊ မန်ဂန်ရှား(၃၀၀၀၀)၊ ပျဉ်ကတိုး(၁၀၀၀)၊ ပိတောက်(၅၀၀)၊ စိန်တံချု(၅၀၀)၊ ခရေ(၈၀၀)၊ ကံကော်(၂၀၀)၊ စိန်ပန်းကြီး(၁၀၀၀)၊ ငုရွှေဝါ(၁၀၀၀) စုစုပေါင်း ပျိုးပင်ပေါင်း(၆၀၀၀၀)ပင်ကို ပျိုးထောင် ထားရှိပြီး ဇွန်လပိုင်းမြေအစိုဓာတ်ရရှိချိန်တွင် ဒေသခံပြည်သူများ စိုက်ပျိုးနိုင်ရန် အခမဲ့ဖြန့်ဝေပေး သွားမယ်လို့" မြို့နယ်သစ်တော ဦးစီးမှူး ဦးဆန်းတင်ကပြောကြားသည်။
ထို့အပြင် မြို့ချောင်း-စိန်ကန့်လန့်လမ်းဘေး(၁၆)မိုင် (၄)ဖာလုံရှိ ဗိုလ်ရုံစိုက်ခင်း ပျိုးဥယျာဉ်တွင် မုက္ခာကြိုးဝိုင်းအကွက် အမှတ်(၄၁)တွင် ၂၀၂၂ မိုးရာသီစိုက်ပျိုးရန် စီးပွားရေး ကျွန်းစိုက်ခင်း(၂၆၀)ဧကအတွက် သေပင်ဖာထေးရန်နှင့်ကျွန်း ပျိုးပင်ပေါင်း (၁၀၄၄၀) ပင်ကျော်နှင့် မုက္ခာကြိုးဝိုင်းအကွက် အမှတ်(၄၀)တွင် (၁၂၉၆၀၀) ပင်ကျော်တို့ကို ပျိုးထောင်ထားပြီး သစ်တောဦးစီးဌာန အနေဖြင့် ဇွန်လအတွင်း စိုက်ပျိုးသွားရန် စီစဉ်ထားကြောင်း သိရသည်။
ကျေးရွာသုံးစိုက်ခင်းအနေဖြင့် မုက္ခာကြိုးဝိုင်း အကွက်အမှတ်(၁၀)တွင် စိုက်ခင်း(၁၀)ဧက အတွက် မန်ဂျန်ရှား (၁၄၅၂၀)ပင် ပျိုးထောင်ထားရှိကြောင်း သိရသည်။
ပေါက်စ မင်းလှ