မိုးညိုမြို့နယ်တွင် အသက်မွေးဝမ်းကြောင်း အထာက်အကူပြု ဝါးလက်မှုပညာသင်တန်းဖွင့်ပွဲ ပြုလုပ်

မိုးညို   ဖေဖော်ဝါရီ  ၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ရေကင်းကျေးရွာအုပ်စု၊ အလယ်ရွာကျေးရွာတွင် မိုးညိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု ဝါးလက်မှုပညာသင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီ  ၂ ရက်နေ့ နံနက်ပိုင်း  ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံအချိန်က အလယ်ရွာကျေးရွာတွင် ပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင်  မိုးညိုမြို့နယ် စီမံအုပ်ချုပ်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိက အဖွင့်အမှာစကားပြောကြားပြီး  မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းစိုးက ဝါးလက်မှုပညာသင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက သင်ထောက်ကူ ပစ္စည်းများကို သင်တန်းတက်ရောက်သူများအား ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းကို ဖေဖော်ဝါရီ ၂ ရက်မှ ၁၁ ရက်နေ့ထိ  သင်တန်းသား၊ သင်တန်းသူ ၂၀ ဦးအား ၁၀ ရက်ကြာ ဝါးလက်မှုပညာဖြင့် ပြုလုပ်သည့် စကော၊ ဇကာ၊ တောင်းအမျိုးမျိုး၊ ခမောက်အမျိုးမျိုး အစရှိသည်တို့အား သင်ကြားပေးသွားမည်ဖြစ်ပြီး ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိပြီး ကျေးလက်နှင့်မြို့ပြကွာဟမှု ကျဉ်းမြောင်းလာစေရန်နှင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း တစ်ခုအဖြစ် ရပ်တည်လုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ကိုမင်း