(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီ တိုင်းဒေသကြီး အခြေခံပညာ ကျောင်းပေါင်းစုံ ကျောင်းသား အားကစားပြိုင်ပွဲကျင်းပ

ပုသိမ် ဖေဖော်ဝါရီ ၄

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာ ကျောင်းပေါင်းစုံ အားကစားနည်း လေးမျိုး ပြိုင်ပွဲဖွင့်လှစ်ပွဲကို ပုသိမ်ခရိုင် ပုသိမ်မြို့ ကိုးသိန်းအား ကစားကွင်းတွင် ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦး တင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာဆိုင်ရာများ၊ မြို့နယ်အား ကစားနှင့် ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အား ကစားအသင်းများ တက်ရောက် ကြသည်။

အခမ်းအနားတွင် ပြိုင်ပွဲဝင် အားကစားသမားများ နေရာယူကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်အား အလေးပြုခဲ့ကြပြီး၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ အဖွင့်မိန့်ခွန်းပြောကြားကာ ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။

ပြိုင်ပွဲကို ပထမပွဲစဉ်အဖြစ် အမျိုးသား ဘော်လီဘော အသင်းတို့ စတင်ယှဉ်ပြိုင်ကြရာ မြောင်းမြခရိုင် ဘော်လီဘောအသင်းနှင့် မအူပင်ခရိုင် ဘောလီဘော အသင်းတို့၏ ယှဉ်ပြိုင်ကစားကြမှုများနှင့် အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် မြောင်းမြခရိုင်နှင့် ပုသိမ်ခရိုင် အမျိုးသမီးဘော်လီဘော အသင်းတို့၏ ယှဉ်ပြိုင်နေမှုများကို တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှုးနှင့် တာဝန်ရှိသူများမှ ကြည့်ရှု အားပေးခဲ့ကြသည်။

တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲတွင် အားကစားနည်းလေးမျိုးဖြစ်သော ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ ထုတ်စည်းတိုးနှင့် အပြေးပြိုင်ပွဲများ ပြုလုပ်သွားမည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၅ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)