နတ်မောက် ဖေဖော်ဝါရီ ၃
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အလယ်တန်း၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများကို ဖေဖော်ဝါရီ ၁ ရက်နေ့ မွန်းလွဲ (၁) နာရီအချိန် ခန့်က ဗိုလ်ချုပ်အထိမ်းအမှတ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင် နတ်မောက်မြို့ပေါ်ရှိ ကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၉) ဦး၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၆) ဦး စုစုပေါင်း (၃၅) ဦးတို့က “ဥပဒေဘောင်တွင်းနေထိုင်ခြင်း ဘေးကင်းရန်ကွာလွန်ချမ်းသာ” ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆရာ/ဆရာမများက ကြီးကြပ်ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
သင်းသင်းမြတ်