မြို့သစ်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

 

      မြို့သစ် ဖေဖော်ဝါရီ 

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ မကွေးတိုင်းဒေ သကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီမှ စီစဉ်ထုတ်ဝေသည့် ကလေးအလုပ်သမားပပျောက်ရေး  ဖန်ခါးမြေလက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက ဌာနဆိုင်ရာဝန် ထမ်းများ ၊ ဒေသခံပြည်သူများအား လိုက်လံဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်တွင်က လေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက် (၃)ရပ်    ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့် သတ်ချက် ၊ အလုပ်ရှင်များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာမူများ   ကလေးအလုပ်သမား အဓိပ္ပာယ် ၊ ကလေးအလုပ်သမားများ၏အသက်အရွယ် ၊ ကိုဗစ်-၁၉ဖြစ်ပွားနေသည့်အချိန်မှာ ကလေး များအား   ကလေးအလုပ်သမားဖြစ်စေခြင်းမှ  ပိုမိုကာကွယ်ကြပါစို့ စသည့်အကြောင်းအရာများပါရှိပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ ဒေသခံပြည်သူများ လေ့လာဖတ် ရှုနိုင်ရေး အသိပညာပေးဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန် ( ပြန်/ဆက် )