အထက်မင်းလှ ဖေဖော်ဝါရီ ၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မကွေးတိုင်း ဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီမှ ထုတ်ဝေသော "ကလေး အလုပ်သမားပပျောက်ရေး" လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ၉နာရီက မင်းလှမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ဖြန့်ဝေပေးခဲ့သည်။
ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့်အချိန်တွင် ကလေးများအား ကလေး အလုပ်သမားဖြစ်စေခြင်းမှ ပိုမိုကာကွယ်ကြရန်၊ အလုပ်ရှင်များအတွက် ကလေးသူငယ် အခွင်အရေးဆိုင်ရာမူများ၊ ကလေးအလုပ်သမားပပျောက်ရေးရည်မှန်းချက်(၃)ရပ်၊ သင်အလုပ်ခန့်မည့် ကလေးများသည် အသက်(၁၄)နှစ်ပြည့်ပြီးဖြစ်ပါစေ၊ ကလေး အလုပ်သမားများ၏ အလုပ်ချိန် ကန့်သတ်ချက် စသည်တို့ပါဝင်ပြီး မင်းလှမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)