ကဝ ဖေဖော်ဝါရီ ၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို မင်းပိုင်းရပ်ကွက်၊ ခန်းမလမ်း၌ ယမန်နေ့ နံနက် (၁၀:၃၀) နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးအုန်းသွင်က (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်၊ စည်ပင်သာယာရေးရန်ပုံငွေ (၅၆.၄၀)သန်း အကုန် အကျခံ၍ အရှည်(၁၅၈၀)ပေ၊ အကျယ်(၁၀)ပေ၊ ထု (၈)လက်မရှိ ကွန်ကရစ်လမ်းသစ်ဆောင်ရွက် ထားရှိမှု အခြေအနေကို ရှင်းလင်းတင်ပြ၍ ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင် သာယာရေး အဖွဲ့ အမှုဆောင် အရာရှိတို့က ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)