မင်းဘူး(စကု)မြို့နယ်၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို ပိုက်ကျော်ခြင်း အားကစား ပြိုင်ပွဲများကျင်းပ

မင်းဘူး   ဖေဖော်ဝါရီ  

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အကြို ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲများ ကျင်းပခြင်းကို ဖေဖော်ဝါရီ ရက် နံနက် ၁၀ နာရီအချိန်က ပြည်သူ့ပန်းခြံဝင်းအတွင်း ခတ်ကစားခဲ့ကြသည်။

ထိုကဲ့သို့ ပြိုင်ပွဲများ ကျင်းပရာတွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်းကျင်းခဲ့တာဖြစ်ပြီး RTဝေကြီး၊ ဆီနီဂေါ၊ ချမ်းသာကြီး၊ ဥပဒေ၊ ရွှေမင်္ဂလာ၊ ထွေအုပ်စသော အသင်းရှစ်သင်းဖြင့် ဇန်နဝါရီ ၃၀ ရက်မှ စတင် ခတ်ကစားခဲ့ကြသည်။

ဗိုလ်လုပွဲကို ဖေဖော်ဝါရီ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ကစားခဲ့ကြပြီး RTဝေကြီးက ပထမ၊ ဆီနီဂေါအသင်းက ဒုတိယ ရရှိ၍ ဆုရရှိသည့် အသင်းများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်နှင့် ခရိုင်အား/ကာမှူး ဒေါ်နှင်းယုဇံတို့က ဆုများအသီးသီး ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)