မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၁-၂၀၂၂ခုဘဏ္ဍာနှစ် (မိနီဘတ်ဂျက်လုပ်ငန်း)ဖြစ်သည့် ကျွန်းရွှေဝါလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ကျင်းပ

မြို့သစ်    ဖေဖေါ်ဝါရီ   ၂   

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၁--၂၀၂၂ခုဘဏ္ဍာနှစ် (မိနီဘတ်ဂျက် လုပ်ငန်း ဖြစ်သည့် ကျွန်းရွှေဝါလမ်းကွန်ကရစ် လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့နံနက် ၁၁းဝဝနာရီက အဆိုပါ လမ်းတွင် ကျင်းပသည်။

ရှေးဦးစွာမြို့သစ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းထက်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဆန်းဝင်က စည်ပင်သာယာရေး လုပ်ငန်းများကို လည်းကောင်း ၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံအင်ဂျင်နီယာ ဦးဗိုလ်ဌေးမှ ကွန်ကရစ်လမ်းနှင့် ပတ်သက်၍ လည်းကောင်း အသေးစိတ်ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက်မြို့သစ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးကျော်ဝင်းထက်၊ မြိုနယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဆန်းဝင်းနှင့် မြို့မိမြို့ဖ ကိုယ်စားလှယ် ဦးမြင့်လင်းတို့က အဆိုပါလမ်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်။

အဆိုပါကွန်ကရစ်လမ်းသစ်ကို မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၁-၂၀၂၂ခုနှစ် မိနီဘဂျက်အတွင်း ငွေလုံးငွေရင်းအသုံးစရိတ် စုစုပေါင်းကျပ်သန်း (၁၁ဒသမ၀၃၆၉)ကျပ်သန်း ဖြစ်ပြီး အရှည် ( ၄၃၀) ပေ၊ အကျယ်( ၁၂) ပေရှိကွန်ကရိလမ်းကို ( ၇ ဒသမ ၈၃၆၉) ကျပ်သန်းနှင့် ၎င်းလမ်းပေါ်ရှိ ၁၆ပေBOX.Culvert.နှစ်ခုကို (၃ဒသမ၂၀)ကျပ်သန်းဖြင့် ဒေသခံပြည်သူ အများသွားလာရေး အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

 သန်းဝင်းထွန်း(ပြန်ဆက်)