လှိုင်းဘွဲ ဖေဖော်ဝါရီ ၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် သမဝယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သံပန်းဝရိန်သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က လှိုင်းဘွဲမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစောကျော်နိုင်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းမှ သင်တန်းသားများအား သင်ထောက်ကူဆိုင်ရာပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့သည်။ အဆိုပါသင်တန်းကို သင်တန်းကာလ ဖေဖော်ဝါရီလ(၁)ရက်နေ့မှ (၂၈)ရက်နေ့အထိ ရက်သတ္တပတ်(၄)ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)