နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုခြင်း၊ ကျပန်းစကားပြောခြင်းနှင့် ပုံပြောခြင်းပြိုင်ပွဲများကျင်းပ

နတ်မောက်   ဖေဖော်ဝါရီ  ၂

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင်ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုခြင်း၊ ကျပန်းစကားပြောခြင်းနှင့် ပုံပြောခြင်း ပြိုင်ပွဲများကို ယနေ့နံနက် (၁၀) နာရီအချိန်ခန့်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ပြိုင်ပွဲများကျင်ပရခြင်းမှာ ကလေးငယ်များအနေဖြင့် အများနှင့်ပူးပေါင်းဆောင်ရွက်တက်စေရန်၊ ကောင်းသောယှဉ်ပြိုင်လိုစိတ်များရှိစေရန်၊ အားငယ်သည့်အချိန်တွင် စာကြည့်တိုက်သို့ လာရောက်၍ ဗဟုသုတရရှိစေရေးအတွက် စာငှားစာဖတ်ကြရန်၊ စာကြည့်တိုက်သို့ စဉ်ဆက်မပြတ် ဝင်ထွက်သွားလာ တက်သည့် အလေ့အထများ ဖြစ်ပေါ်စေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး  ကဗျာရွတ်ဆိုခြင်း၊ ကျပန်းစကားပြောခြင်းနှင့် ပုံပြောခြင်းပြိုင်ပွဲများသို့ နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်းအထိမ်းအမှတ် အခြေခံပညာအထက်တန်းကျောင်းမှ အလယ် တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ ကြပြီး ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

လှဝင်း