ကြို့ပင်ကောက် ဖေဖော်ဝါရီ ၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရွာမမြောက်ရပ်ကွက် မြောက်ရွာမတန်းလမ်း ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
မြောက်ရွာမတန်းလမ်း ကွန်ကရစ်လမ်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေးနှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ မြောက်ရွာမတန်းလမ်းအားကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းကို ဈာန်ထူးအောင် ကုမ္ပဏီက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေ(၆၀ ဒသမ ၆၈၅)သန်းဖြင့် အလျား ၁၁၈၉ ပေ၊ အနံ ၁၈ ပေ၊ ထု ၈ လက်မဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှသိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)