ကော့သောင်း ဖေဖေါ်ဝါရီ ၁
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့သည် ထိုင်း-မြန်မာ နယ်စပ်မြို့ တွင် ဖေဖေါ်ဝါရီ ၁ ရက်နေ့က မြို့ပေါ်ဈေးများ၊ အိမ်ဆိုင်များပုံမှန်ဖွင့် လှစ်ရောင်းချလျက် မြို့နေပြည်သူများ ဈေးရောင်းဈေးဝယ်များမြို့တွင်း လမ်းများ ပေါ်ပုံမှန်သွားလာလှုပ်ရှားမှုရှိ သည်ကို တွေ့ရသည်။
ကော့သောင်းမြို့ အနေဖြင့် အဆိုပါနေ့ နံနက်ပိုင်းကစတင်ကာ လက်ဖက်ရည်ဆိုင်များ၊ အစားအသောက်ရောင်းချသည့်ဆိုင်များနှင့် ဈေးများအိမ်ဆိုင်များယခင်နေ့များ ကဲ့သို့ပုံမှန်ဖွင့် လှစ်ရောင်းချလျက်ရှိကာ စားသောက်ကုန်စည်ပစ္စည်းများ ရောင်းချသည့်ဆိုင်များ ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိသည်ကိုတွေ့ရပြီး အိမ်ရှင်မများအနေဖြင့် ပုံမှန်ဈေးသွားဈေးလာဝယ်ယူမှုနှင့် ဆွမ်းခံကြွသည့် သံဃာတော်များအား ဆွမ်းလောင်းလှူမှုများဖြင့် ပုံမှန်အနေအထားဖြင့်လှုပ်ရှား လျက်ရှိသည်ကိုတွေ့ရသည်၊ ယခုကာလအတွင်းတရုပ်နှစ်သစ်ကူးရက်များဖြစ်ရာ ကော့သောင်းမြို့ရှိ တရုတ်ဘုံကျောင်းတွင် ဝတ်ပြုဆုတောင်းသူများဖြင့် စည်းကားလျက်ရှိသည်ကိုလည်း တွေ့မြင်ရသည်။
ကော့သောင်းမြို့ ပြည်သူများအနေဖြင့် အသီးအရွက်၊ သားငါးနှင့် စားသောက်ကုန်တစ်ချို့အား တဖက်ထိုင်းနိုင်ငံ ရနောင်းမြို့မှတဆင့် ဝယ်ယူတင်သွင်းမှု စားသုံးမှုယခင်ကတည်းကရှိခဲ့ရာ ယခုကာလအတွင်း ကိုဗစ်၁၉ရောဂါကူးစက်မှုထိန်းချုပ်နိုင်ရေး နှစ်နိုင်ငံကူးသန်းသွားလာမှု ပိတ်ပင်တားမြစ်ထားသော်လည်း ထိုင်းနိုင်ငံမှ ဒေသသုံးအခြေခံစားသောက်ကုန်တင်သွင်းမှုနှင့် မြန်မာ နိုင်ငံမှ ရေထွက်ကုန်ပစ္စည်းတင်ပို့မှုများလည်း ပုံမှန်အခြေအနေရှိကြောင်း သိရသည်။ အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီ ၊ ဆေး၊ ဆား၊ ငရုပ်၊ ကြက်သွန်နှင့် ပြည်တွင်းပို့အခြားကုန်ပစ္စည်းများမှာ ကော့သောင်း-ရန်ကုန်ပြည်ထောင်စုလမ်းပိုင်းမှ မော်တော်ယာဉ်များဖြင့် ပုံမှန်ပို့ဆောင်မှုများရှိပြီး ပုံမှန်တည်ငြိမ်အေးချမ်းလျက်ရှိကြောင်း သိရသည်။
ကော့သောင်း(ပြန်/ဆက်)