ထားဝယ်မြို့တွင် တပ်မတော်ထောက်ခံပွဲ ငြိမ်းချမ်းစွာစီတန်း လှည့်လည်

ထားဝယ် ဖေဖော်ဝါရီ ၁

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ ၁၀၁၅ အချိန်တွင် နတ်ကြီးစင်ကျေးရွာ အုပ်ချုပ်ရေးမှူးဦးဆောင်၍ ရပ်ကွက်/ကျေးရွာများမှ အင်အား(၁၂၀)ဦးခန့်တို့သည် ကလိန်အောင်နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် ခင်မောင်ချင်း ဦးစီး(၃+၆)ဦး၊ ကလိန်အောင်တပ်နယ်ရှိ အရာရှိ/စစ်သည်များ လမ်းကြောင်းတစ်လျှောက် လုံခြုံရေးလိုက်ပါလျက် ကလိန်အောင်မြို့၊ အမှတ်(၃) ရပ်ကွက်၊ မီးသတ်ဦးစီးဌာနရုံးရှေ့မှ စုရပ်ပြုလုပ်၍  တပ်မတော်ထောက်ခံပွဲ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်မှုအား (၄)ယောက်တန်းစီးကာ လမ်းလျှောက်၍ “ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီဆောင်ရွက် နေသော တပ်မတော် ဆောင်ရွက်ချက်များအား ထောက်ခံခြင်း”၊ “အိမ်စောင့်အစိုးရအား ထောက်ခံပါသည်”၊ “OIC နောက်မြှီးဆွဲ UN အလိုမရှိ” ဗီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်လျက် ကြွေးကြော်သံများ ကြွေးကြော်ထွက်ခွာခဲ့ရာ ၁၀ နာရီ ၄၅ မိနစ်တွင် အမှတ်(၄)ရပ်ကွက်၊ ဆံတော်ရှင်မုခ်ဦးဝသို့ ရောက်ရှိ၍ အသီးသီးလူစုခွဲ ထွက်ခွာသွားခဲ့ကြောင်း  သိရှိရသည်။

ထားဝယ်ခရိုင်(ပြန်/ဆက်)