စစ်ကိုင်းတက္ကသိုလ်တွင် (၇၅)နှစ်မြောက်၊ ပြည်ထောင်စုနေ့အကြိုကဗျာ၊ ဆောင်းပါး၊ ပန်ချီ၊ စာစီစာကုံးနှင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

စစ်ကိုင်း ဇန်နဝါရီ ၃၁

စစ်ကိုင်းတက္ကသိုလ်တွင် (၇၅)နှစ်မြောက်၊ စိန်ရတုပြည်ထောင်စုနေ့အကြို ကဗျာ၊ ဆောင်းပါး၊ ပန်းချီ၊ စာစီစာကုံးနှင့် ကျပန်းစကားပြောပြိုင်ပွဲများကို ဇန်နှါရီ(၃၀)ရက်က အဆိုပါကျောင်း တွင်ကျင်းပ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။

ပြိုင်ပွဲများကို “တွဲလက်ညီညီရှေ့သို့ချီ ပြည်ထောင်စုဆီတက်လှမ်းမည်” ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲ  “သွေးစည်းချစ် ကြည်လက်တွဲညီ တို့ပြည်ထောင်စု ဖော်ဆောင်မည်” ခေါင်းစဉ်ဖြင့် ကဗျာပြိုင်ပွဲ၊ “လူမှုစီးပွားဖွံ့ဖြိုးမှ ပြည်ထောင်စုကြီး သာယာမည်” ခေါင်းစဉ်ဖြင့် ဆောင်းပါးပြိုင်ပွဲ၊ “ လက်တွဲညီညီရှေ့သို့ချီ သာတူညီမျှခံစားမည် “ခေါင်းစဉ်ဖြင့် ကျပန်းစကား ပြောပြိုင်ပွဲ ကျောင်းသား/ကျောင်းသူများက ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်နှင့် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများကလည်း ကဗျာ၊ ဆောင်းပါး၊ ပန်ချီ၊ စာစီစာကုံးနှင့် ကျပန်းစကားပြောပြိုင်ပွဲများကို အသီးသီးယှဉ်ပြိုင်ခဲ့ ကြရာ ဆုရရှိသူ ကျောင်းသား/ကျောင်းသူများအား ပါမေက္ခချုပ် များနှင့်ကျောင်းအုပ်ကြီးများ၊ မြို့နယ်ပညာရေးမှူးတို့က ဆုများပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

ဇော်မြင့်နိုင်