ရွှေသောင်ယံမြို့၌ ဈေးဆိုင်များ ပုံမှန်ဖွင့်လှစ်ရောင်းချရေး လိုက်လံအသိပေး

ရွှေသောင်ယံ ဇန်နဝါရီ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယမန်နေ့နေ့လည်(၁၂)နာရီက ဟိုတယ်များ၊ ဈေးဆိုင်များ၊ အလုပ်ရုံများအားပုံမှန်ဖွင့်လှစ် ရောင်းချစေရေးအတွက် လိုက်လံ အသိပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

ပြည်သူများအနေဖြင့်(Silent Strike) အသံတိတ်သပိတ်တွင် ပါဝင်ပတ်သက်မှုမရှိစေရေး၊ နိုင်ငံ တော်တည်ငြိမ်ရေးကို ပျက်ပြားစေသည့် အဖျက်အမှောက် လုပ်ငန်းများအား အားပေးသော အနေဖြင့် ဈေးဆိုင်များပိတ်ထားခြင်း၊ သံပုံးတီးခြင်း၊ လက်ခုပ်တီးခြင်း၊ ကာဟွန်းတီးခြင်းစသည် တို့ကို ဆောင်ရွက်ခြင်းမပြုရန် ဟိုတယ်များ၊ ဈေးများ၊ အလုပ်ရုံများ၊ စားသောက်ဆိုင်များ၊ လက်ဖက် ရည်ဆိုင်များ၊ ကုန်စုံဆိုင်များစသည်တို့ကို ခါတိုင်းကဲသို့ပုံမှန်ဖွင့်လှစ် ရောင်းချရန် လိုက်လံအသိပေး ဆောင်ရွက် ခဲ့ကြသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ရွှေသောင်ယံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်သတ်တပ်ဖွဲ့ဝင်များမှ မြို့ပေါ်ရပ်ကွက်များ အတွင်း၌ လှည့်လည် အသိပေးဆောင်ရွက် ခဲ့ကြကြောင်းသိရသည်။

ကိုကိုမောင်

ရွှေသောင်ယံ(ပြန်/ဆက်)