မကွေးတက္ကသိုလ် ဘက်စုံခန်းမတွင် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများကျင်းပ

မကွေး  ဇန်နဝါရီ ၂၉

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ မကွေးတက္ကသိုလ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီအချိန်က မကွေးတက္ကသိုလ်၊ ဘက်စုံခန်းမတွင်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးစည်းကမ်းချက်များ၊ လမ်းညွှန်ချက်များနှင့် အညီ ကျင်းပလျက်ရှိကြောင်း သိရသည်။

ပြိုင်ပွဲတွင် မကွေးတက္ကသိုလ်ရှိ ကျောင်းသား/သူ(၁၅)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး မကွေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာသောင်းလွင်နှင့် ဆရာ/ဆရာမများက လိုက်လံကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။

အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိသူများအား ဇန်နဝါရီလ ၃၀ရက်နေ့တွင် ဆုများပေးအပ် ချီးမြှင့်သွားမည်ဖြစ်ပြီး ကျပန်းစကားပြောပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများကိုလည်း ဆက်လက် ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။

ကိုစည်သူ(မကွေး)