ပခုက္ကူ ဇန်နဝါရီ၂၉
ပညာရေးဝန်ကြီးဌာန၊ အဆင်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စာစီစာကုံးနှင့်ဆောင်းပါးပြိုင်ပွဲများကို ဇန်နဝါရီလ ၂၉ရက် နံနက် ၉နာရီအချိန်က အဆိုပါတက္ကသိုလ်၊ ပင်မဆောင်(Theatre)ခန်းမတွင် ကျင်းပပြုလုပ်ကြသည်။
အဆိုပါပြိုင်ပွဲတွင် ပခုက္ကူတက္ကသိုလ်ရှိ ဘာသာရပ်အသီးသီးမှ ကျောင်းသား၊ကျောင်းသူ (၁၃)ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး စာစီစာကုံးပြိုင်ပွဲခေါင်းစဉ်မှာ "တွဲလက်ညီညီရှေ့သို့ချီ ပြည်ထောင်စုဆီ တက်လှမ်းမည်"နှင့် ဆောင်းပါးပြိုင်ပွဲခေါင်းစဉ်မှာ "လူမှုစီးပွားဖွံ့ဖြိုးမှ ပြည်ထောင်စုကြီးသာယာမည်" ဖြစ်ကြောင်း၊ ကျောင်းသား၊ကျောင်းသူများအနေဖြင့် ပြည်ထောင်စုကြီး ထာဝရရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်းကြိုးပမ်းလှုပ်ရှား ဆောင်ရွက်ခဲ့သည့် ပုဂ္ဂိုလ်များအား တန်ဖိုးထားလေးစားမြတ်နိုးတတ်စေရန်၊ ပြည်ထောင်စုကြီး အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုတိုင်း၏ စာပေ၊ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်း အစဉ်အလာ များအား တန်ဖိုးထားထိန်းသိမ်းကာကွယ်စောင့်ရှောက်တတ်စေရန်၊ မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ ထာဝရစဉ်ရှင်သန် ထက်မြက်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ် ပေးခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲများအလိုက် ဆုရရှိသူများအား ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့တွင် ဆုများအသီးသီးပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ပြောသည်။
ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)