ပန်းတောင်း ဇန်နဝါရီ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပန်းတောင်းမြို့နယ် အ.ထ.ကကျောင်း၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို စာစီစာကုံး၊ ဆောင်းပါး၊ ကဗျာ၊ ပန်းချီ၊ ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက အ.ထ.က (ပန်းတောင်း)မဥ္ဇူ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ စာစီစာကုံးပြိုင်ပွဲနှင့် ဆောင်းပါး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက စတင်ကျင်းပလျက်ရှိရာ ပန်းတောင်းမြို့နယ်အတွင်းရှိ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူး ဦးသိန်းဒန်ထံမှ သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)