ပေါင်းတည် ဇန်နဝါရီ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့မ အ.ထ.ကကျောင်း၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်ကဗျာ၊ စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်ကြောင်းသိရသည်။
အဆိုပါ ပြိုင်ပွဲတွင် စာစီစာကုံး အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၇၆)ဦး နှင့်အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၃၄)ဦးတို့က ပြည်ထောင်စုနေ့ တို့မမေ့နှင့် ပင်လုံစိတ်ဓာတ်အခြေပြု ဒါတို့ပြည်ထောင်စု ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တို့မှ လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲများတွင် ဆုရရှိသောကျောင်းသား၊ ကျောင်းသူများအား (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားတွင် ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အေးအေးဆင့်(ပြန်/ဆက်)