ကျွန်းစု ဇန်နဝါရီ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာစီစာ ကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ပန်းချီပြိုင်ပ်ခဲ့ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်း ကျောင်း (ကျွန်းစု)တွင် ကျင်းပပြုလုသည်။
အဆိုပါပြိုင်ပွဲများတွင် “ပင်လုံမြေမှပြည်ထောင်စုအနာဂတ် ပန်းခင်းလမ်းဆီသို့” ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို ကျောင်းသားကျောင်းသူ (၁၃) ဦး၊ “ငြိမ်းချမ်းရေးရဲ့တေးသံ ပြည်ထောင်စုရဲ့ အားမာန်” ခေါင်းစဉ်ဖြင့် ကဗျာပြိုင်ပွဲတွင် ကျောင်းသားကျောင်း သူ (၈) ဦး၊“တိုင်းရင်းသား အားလုံး စုစည်းညီညွတ်စို့”ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ (၁၂)ဦး ဝင်ရောက်ဖြေဆိုယှဉ်ပြိုင်ကြပြီး အခြေခံပညာအထက်တန်းအဆင့် ကျောင်းသားကျောင်းသူ စုစုပေါင်း (၃၃)ဦး ဝင်ရောက်ဖြေဆိုယှဉ်ပြိုင်ကြ ကြောင်း သိရသည်။
ဆက်လက်၍ ကျပန်းစကားပြောပြိုင်ပွဲကို “တိုင်းရင်းသားတွေစုပေါင်းညီ ရာစုသစ်ရဲ့ ပင်လုံ ဆီ”၊ “တို့ညီနောင်တို့လက်တွဲညီ ပင်လုံမြေကိုသက်သေတည်"၊ ငြိမ်းချမ်းရေးကိုအခြေ တည်ပင်လုံမြေမှသည်ပြည်သစ်ဆီသို့ချီ” ခေါင်းစဉ်ဖြင့် အခြေခံပညာ အထက် တန်းအဆင့် ကျောင်းသားကျောင်းသူ(၇)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
စိုးစိုးသွယ်