ပြည်မြို့တွင် မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် လက်တွေ့ မီးငြိမ်းသတ်ရေး သရုပ်ပြပွဲကျင်းပ

ပြည် ဇန်နဝါရီ  ၂၈

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရွာဘဲတောင်ပေါ်ကျောင်း၌ ယမန်နေ့ ညနေ ၄ နာရီ အချိန်က မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် လက်တွေ့မီးငြိမ်းသတ်ရေး သရုပ်ပြပွဲ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ပြည်ခရိုင်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်လင်းစိုးက ပြည်မြို့၊ ဝင်းမိဘမေတ္တာရွှေဆိုင်မှ ဝန်ထမ်းများအား မီးသတ်ဦးစီးဌာနမှ ဆောင်ရွက် နေသည့် အဓိကလုပ်ငန်းစဉ်(၄) ရပ်ဖြစ်သည့် မီးဘေးသတိမူရေး၊ မီးငြိမ်းသတ်ရေး၊ သဘာဝဘေးအန္တရယ် ကြိုတင်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ အကြောင်း‌ ဆွေးနွေးဟောပြောပြီး လိုက်ဂျက်ကက် ဝတ်ဆင်အသုံးပြုနည်း၊ မီးသတ်ဆေးဘူးအသုံးပြုနည်း၊ ဂက်စ်မီးငြိမ်း သတ်နည်း၊ ရေစိုအဝတ်ဖြင့် မီးငြိမ်းသတ်နည်းနှင့် မီးသတ် ဆေးဘူးဖြင့် မီးငြိမ်းသတ်နည်းများကို တက်ရောက်လာကြသူများနှင့် လက်တွေ့သရုပ်ပြ‌လေ့ကျင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မင်းမင်းစိုး(ပြန်/ဆက်)