ရေနံချောင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်

ရေနံချောင်း ဇန်နဝါရီ  ၂၈

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေး  Talk Show ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ () နာရီ အချိန်ခန့်က ရေနံချောင်းမြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် မြို့နယ်စာပေချစ်သူ များအသင်း (Book Club) အဖွဲ့မှ ကဗျာဆရာ ဦးဝင်းကျော် (ကိုဝေ)တို့ ပူးပေါင်းပြီး ကျင်းပပြုလုပ် ခဲ့ကြသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန္ဒာလှိုင်ကကျွန်မတို့ ရေနံချောင်းမြို့နယ် ပြည်သူ့စာကြည့်တိုက် အနေနဲ့ အသိပညာပေး လုပ်ငန်းများကို ကိုဗစ်ကာလအတွင်းမှာ   Online ကနေတဆင့် ရေနံချောင်း မြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook  Page နှင့် IPRD Yenanchaung Facebook  Page တို့တွင် ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိပါတယ်၊ ယနေ့မှာတော့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ (၁၂) ရက်နေ့တွင် ရောက်ရှိမည့် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အဖြစ် Talk Show ဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ပါတယ်ဟု  Talk Show ဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက် ကိုပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စာပေချစ်သူများအသင်း ( Book Club ) အဖွဲ့ မှ ကဗျာဆရာ ဦးဝင်းကျော်( ကိုဝေ)က  ရှမ်းပြည်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့ နံနက် (၁၀) နာရီအချိန် က  ပင်လုံညီလာခံကို ကျင်းပခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ ကချင် ချင်း ရှမ်း အမျိုးသားကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်း (၂၃) ယောက်တို့သည် ခွင့်တူညီမျှ တစ်ပေါင်းတစ်စည်းတည်း နေထိုင်ကြမည် ဟူသည့်  ခိုင်မာသည့်စိတ်ဓာတ်များဖြင့် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုး ခဲ့ကြသည့်နေ့ကို  ဂုဏ်ပြုသော =အားဖြင့် ပြည်ထောင်စုနေ့အဖြစ် သတ်မှတ် ခဲ့ကြကြောင်းနှင့်  ပင်လုံ စာချုပ်တွင် လက်မှတ်ရေးထိုး ခဲ့ကြသည့် အမျိုးသား ကိုယ်စားလှယ် (၂၃) ယောက်တို့ အကြောင်းကို ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ငြိမ်းငြိမ်းအိ