နတ်မောက် ဇန်နဝါရီ ၂၈
မကွေးတိုင်းဒေကြီး၊ နတ်မောက်မြို့နယ်အတွင်း မြို့မစျေးနှင့် မြို့တွင်းရောင်းချ လျက်ရှိသော စျေးဆိုင်ခန်းများ စနစ်တကျပုံမှန်ရောင်းချရေး လိုက်လံ အသိပညာပေးခြင်းနှင့် ပြည်သူများ သိရှိလိုက်နာစေရန် သတင်းထုတ်ပြန်ချက် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်မှစတင်ပြီး ပူးပေါင်းအဖွဲ့များက ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အသိပညာပေး ဆောင်ရွက်ရာတွင် နတ်မောက်မြို့နယ်အတွင်းရှိ မြို့မစျေးအနီး ပတ်ဝန်းကျင်ရှိ စျေးဆိုင်ခန်းများ၊ ယာယီစျေး၊ စားသောက်ဆိုင်များ၊ စတိုးဆိုင်များ၊ ကုန်စုံဆိုင်များ၊ စက်ရုံအလုပ်ရုံများ၊ ကားဂိတ်များအစရှိသည့် စျေးဆိုင်ခန်းများအား ဇန်နဝါရီလ (၂၇) ရက်နေ့မှစတင်၍ ပုံမှန်ရောင်းချရေး လိုက်လံအသိပေးခြင်းနှင့် လမ်းညွှန်ချက် စာစောင်များဖြန့်ဝေခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်မီးသတ် ဦးစီးဌာနတို့က လိုက်လံအသိပညာပေး ဆောင်ရွက်ခဲ့သည်။
သင်းသင်းမြတ်